အလှပျက်စေတဲ့ဝက်ခြံတွေ ဘာလို့ဖြစ်လာရတာလဲ၊ဘယ်လိုကာကွယ်မလဲ
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon မျက်နှာလေးက လှချင်ပါလျက် ရုပ်လေးကဖျက်တယ်တဲ့။ပြောမနာဆိုမနာ သူငယ်ချင်းတွေကြား စနောက်ကြတဲ့စကား။ ဒါပေမယ့် ဝက်ခြံရှိတဲ့သူလေးတွေအတွက် တကယ်မှန်နေပါရော။ နဂိုမျက်နှာလေးက လှသားနဲ့ ဝက်ခြံတွေကရှုပ်နေတဲ့အခါ ရုပ်ရည်အသွင်အပြင်မှာ အားနည်းချက်တစ်ခုလိုခံစားရစေပါတယ်။ ဝက်ခြံကင်းပြီး ကြည်ကြည်ရှင်းရှင်းလေးဆိုရင် သိပ်မချောလည်း လှနေမှာပါပဲ။ ဒီလိုအလှပျက်စေတဲ့ ဝက်ခြံတွေက ဘာလို့ဖြစ်လာရတာလဲ၊ ဘာလို့များမပျောက်ရတာလဲလို့ အမြဲကိုမေးချင်နေမှာနော်။ ဝက်ခြံပျောက်ဆေးတွေဝယ်သုံးလည်းဖြစ်နေတာပဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အကြောင်းရင်းကို အရင်ဆုံးသိထားတာကောင်းပါတယ်။ အနည်းဆုံးတော့ မပျောက်သေးရင်တောင် ပိုမဆိုးအောင် ထိန်းလို့ရတာပေါ့။ ဝက်ခြံတွေ ဘာလို့ဖြစ်ရလဲ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၄) ခုရှိပါတယ်။ မျက်နှာမှာ အဆီထွက်ရှိတာများနေတာကြောင့် ချွေးပေါက်တွေမှာ အဆီနဲ့ အရေပြားဆဲလ်သေတွေပိတ်ဆို့နေတာကြောင့် ဘက်တီးရီးယားကြောင့် Androgen ဟော်မုန်းကြောင့်ဖြစ်ပါတယ်။ ဝက်ခြံဖြစ်လာအောင် ဒါမှမဟုတ် ပိုဆိုးအောင် ပံ့ပိုးပေးနေတဲ့အရာတွေကတော့ ...